ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၁၆၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၅၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၃၅၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၈၅၀ ၊ မုံရွာသစ်ရှယ် ကျပ် ၁၅၅၀ ၊ မုံရွာ လတ်ကြီး ကျပ် ၁၃၅၀ ၊ မုံရွာလတ်သန့် ကျပ် ၁၁၅၀ နှင့် မုံရွာလတ်ချော ကျပ် ၇၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀ မုံရွာသစ်ရှယ် ကျပ် ၁၅၀ ၊ မုံရွာ လတ်ကြီး ကျပ် ၅၀ ၊ မုံရွာလတ်သန့် ကျပ် ၅၀ နှင့် မုံရွာလတ်ချော ကျပ် ၁၀၀ အသီးသီးဈေး မြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှု မှာ ယခင်အပတ်က ကားစီးရေ ၁၄၀ စီး (၈၄၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၉၅ စီး (၅၇၀,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် ကားစီးရေ ၄၅ စီး (၂၇၀,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။
ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်မြို့နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ် (ရှယ်) ကျပ် ၁၀၅၀၀၊ အောင်ပန်းထူး -၂ ကျပ် ၄၁၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၅၀၀ ၊ အောင်ပန်းထူး-၄ ကျပ် ၆၁၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၆၃၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၃၅၀၀ (၁၀၅,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၃၆၀၀ (၁၀၈,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၁၀၀ (၃,၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောင်ပန်းမြို့နှင့် တရုတ်မှ အာလူးများ နေ့စဉ် ဝင်ရောက်လျက်ရှိရာ အာလူး (တစ်ပိဿာ) ဈေးနှုန်းများမှာ အောင်ပန်း Ok ကျပ် ၄၃၀၀ ၊ အောင်ပန်း S1 ကျပ် ၄၅၀၀ နှင့် တရုတ်အာလူး ကျပ် ၄၈၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်း Ok ကျပ် ၅၀၀ ၊ အောင်ပန်း S1 ကျပ် ၅၀၀ နှင့် တရုတ်အာလူး ကျပ် ၁၅၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၃၃ စီး (၁၉၈,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၈ စီး (၉၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁၅ စီး (၉၀,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ ကြောင်းသိရ သည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး